International News

အိန္ဒိယနိုင်ငံကုမ္ပဏီမှ မြန်မာနိုင်ငံထွက် နှမ်းဖြူဝယ်ယူလို

Last Updated:

အိန္ဒိယနိုင်ငံရှိ Sri Pushps Exim ကုမ္ပဏီသည် မြန်မာနိုင်ငံမှ Purity (99.95) ၊ Moisture ( MAX 4 % ) ၊ Oil (50% min) ၊ SALMONEL (absence) ၊ Packing (25 Kg bag) အရည်အသွေးနှင့်ပမာဏရှိသော နှမ်းဖြူ( White Sesame Seed )ကို လက်တလော ကွန်တိန်နာ (၂)လုံး ဝယ်ယူလိုကြောင်းနှင့် မြန်မာနိုင်ငံမှ ထွက်ရှိသော နှမ်းဖြူအား တင်ပို့ရောင်းချနိုင်မည့် လုပ်ငန်းရှင်/ ကုမ္ပဏီများနှင့် ဆက်သွယ်လိုကြောင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တား မြို့သို့ ဆက်သွယ်စုံစမ်းလာပါသည်။

နှမ်းဖြူ ( White Sesame Seed ) တင်ပို့လိုသည့် မြန်မာနိုင်ငံရှိ နှမ်းကုန်သည် လုပ်ငန်းရှင်/ ကုမ္ပဏီများအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သတင်းရရှိပါသည်။

TD ( NPT )

Category: International News